BC Advice Night 💬 လူသစ်တစ်ယောက်နဲ့ စကားပြောတဲ့အခါ ဘာပြောရမှန်းမသိတာက… — Burmese Chat (Myanmar Anonymous Chat Bot) — TG.ME

🌛 BC Advice Night 💬

လူသစ်တစ်ယောက်နဲ့ စကားပြောတဲ့အခါ ဘာပြောရမှန်းမသိတာက ပုံမှန်ပါပဲ

အထူးသဖြင့် “Hi” ပြီးသွားရင် ဘာဆက်ပြောရမလဲဆိုပြီး နှစ်ယောက်လုံး ငြိမ်သွားတာမျိုးပေါ့။

အဲ့လိုအချိန်ဆို စကားအကြီးကြီးတွေ ရှာနေစရာမလိုဘူးလို့ ထင်တယ်။ သူပြောလာတဲ့အကြောင်းလေးကို စိတ်ဝင်စားပြီး အဲ့ဒီကနေ ဆက်ပြောကြည့်ရုံနဲ့ စကားက တဖြည်းဖြည်းရှည်လာတတ်တယ်။

ဥပမာ သူက “ဒီနေ့အလုပ်ပင်ပန်းတယ်” ဆိုရင် “အော် ဟုတ်လား” နဲ့ပြီးသွားတာထက် “ဘာတွေဖြစ်လို့လဲ ” ဆိုပြီး ဆက်မေးကြည့်တာမျိုး။ ကိုယ့်ဘက်ကလည်း ကိုယ့်အကြောင်းလေးတွေ ပြန်မျှဝေပေးရင် Interview လုပ်နေသလို မဖြစ်တော့ဘူး။

တချို့လူတွေနဲ့ကျ ဘယ်လောက်ပြောပြော စကားမဆက်တာလည်းရှိတယ် အဲ့ဒါကို ကိုယ်စကားမပြောတတ်လို့ဆိုတာဖက် မတွေးနဲ့။ တစ်ခါတလေ နှစ်ယောက်ရဲ့ vibe မကိုက်တာလည်း ဖြစ်နိုင်တယ်။

စကားပြောကောင်းတဲ့သူဖြစ်ဖို့ထက် ကိုယ်နဲ့စကားပြောရတာ သက်တောင့်သက်သာဖြစ်တဲ့သူ ဖြစ်ဖို့က ပိုအရေးကြီးတယ်လို့တော့ ထင်တယ်။
💙

ပြီးတော့ ဒီည စကားပြောတာ၊ လူသစ်တွေနဲ့ ရင်းနှီးတာနဲ့ပတ်သက်ပြီး အကြံပေးချင်တာ၊ မေးချင်တာရှိရင် Comment မှာ မေးခဲ့လို့ရပါတယ်။

😘 When you want to talk to someone, remember BC. — @BurmeseChat_bot

#BurmeseChat #QuestionNight
❤8
September 2, 2026 245 4