Not lonely, just Solo: post #648 — TG.ME

The Rat Park Experiment 🐭 သိပ္ပံပညာရှင်တစ်ယောက်က ကြွက်တစ်ကောင်ကို လေှာင်အိမ်လေးထဲထည့်ထားမယ်။ အဲ့လေှာင်အိမ်လေးထဲမှာ Drug(မူးရစ်ဆေးဝါး)အရည်တစ်မျိုးတစ်ခွက်ရယ် ပုံမှန် ရေတစ်ခွက်ရယ်နဲ့ အစားကောင်းအစားအစာတွေချပေးထားတယ်။ ကြွက်က drug ကို သောက်ပြီး ကြိုက်သွားပြီး စွဲသွားတယ်။ နောက်တော့ ကြွက်က အစားစားတာနဲ့ ရေသောက်တာရပ်သွားတယ်။ drug ကြီးပဲ သောက်နေတော့တယ်။ သိပ်မကြာခင်မှာပဲ ကြွက်လေးသေသွားခဲ့တယ်။ ဒီတစ်ခေါက်မှာတော့ သိပ္ပံပညာရှင်တစ်ယောက်က ကြွက်လှောင်အိမ်ဆိုပေမဲ့ ကြွက်ပန်းခြံလိုအကြီးကြီးဆောက်လိုက်တယ်။ တခြားကြွက်တစ်ကောင်ကို အဲ့ထဲထည့်လိုက်တယ်။ ကြွက်ပန်းခြံထဲမှာလည်း drug နဲ့ တခြားရေရယ် အစားစာရယ်ချပေးထားတယ်။ ဒါပေမဲ့ ဒီအခါမှာတော့ ကြွက်လေးက ပတ်ဝင်းကျင်မတူတော့ဘူး open environment ထဲရောက်နေပြီ။ ကြွက်ပန်းခြံထဲမှာထားထားတဲ့ အရုပ်တွေနဲ့ ကစားလို့ရနေပြီ။ နောက်တော့ တခြား ကြွက်တွေပါ အတူတူထားလိုက်တယ်။ အဲ့မှာ ကြွက်လေးက မိသားစုပါတည်ဆောက်လို့ရပြီး ကြွက်ကလေးတွေတောင် မွေးနိုင်သွားတယ်။ ————————— ကြည့်ကြမယ်ဆိုရင် လှောင်အိမ်ငယ်ထဲကကြွက်လေးက အမြဲ drug ကို စွဲလမ်းပြီး အလွန်အကျွံသုံးစွဲခဲ့ပြီး နောက်ဆုံးမှာ သေသွားရတယ်။ တခြားတစ်ဖက်မှာတော့ ကြွက်ပန်းကြံထဲကကြွက်လေးက ထိရုံလေးပဲ drug ကို သုံးစွဲခဲ့ပြီး ပျော်ပျော်ရွင်ရွင်နေတယ်။ ဒီလေ့လာစမ်းသပ်မှုလေးက drug အကြောင်းမဟုတ်ဘူး, မင်းရဲ့ ရည်ရွယ်ချက်နဲ့ ပတ်ဝန်းကျင်ပဲ။ #chifu

September 13, 2025 563 1