ပိုက်ဆံမရှိသောနေ့များ စီးကရက်တစ်လိပ် ပေါင်မုန့်တစ်လုံး၊… — Poems you should read before you die — TG.ME

ပိုက်ဆံမရှိသောနေ့များ

စီးကရက်တစ်လိပ်
ပေါင်မုန့်တစ်လုံး၊ လက်ဖက်ရည်တစ်ခွက်ပဲ
တမ်းတပါတယ် ။

မာဇဒါ၊ ရီကော်ဒါ
မန္တလေးဘီယာ
ဒေါက်တာ ဇီးဗားဂိုးရုပ်ရှင်၊
တင်တင်လှ၏ တေးသံဂီတများ
သတိမရနိုင်ပါ ။

- သုခမိန်လှိုင်
❤32
September 3, 2026 656 8