ဒီလောကမှာဆို သေနတ်တစ်လက်တော့ ဆောင်ထားသင့်တယ် ကိုယ်ချစ်တဲ့ပန်းတွေကို… — Poems you should read before you die — TG.ME

ဒီလောကမှာဆို
သေနတ်တစ်လက်တော့
ဆောင်ထားသင့်တယ်
ကိုယ်ချစ်တဲ့ပန်းတွေကို
ကာကွယ်ဖို့လည်းဖြစ်နိုင်သလို
ကျဉ်းထဲကျပ်ထဲရောက်ရင်
ကိုယ့်နားထင်ကိုယ်
တေ့ပြစ်လိုက်ဖို့လည်း
ဖြစ်နိုင်တယ်။

▪️ဂန္ဓမာ

👉🏻သစ်ရွက်ခြောက်တွေရဲ့အိမ် စာအုပ်မှ

Customers Review - Click
❤71🍓3❤‍🔥2
August 29, 2026 4.3K 49