တိုင်းပြည်ကို စုတ်ပြတ်သွားအောင်လုပ်ခဲ့တယ်။ မတောင်းပန်ဘူး။… — ဆရာစံ — TG.ME

တိုင်းပြည်ကို စုတ်ပြတ်သွားအောင်လုပ်ခဲ့တယ်။ မတောင်းပန်ဘူး။ ဆွေခုနှစ်ဆက်မျိုး ခုနှစ်ဆက် ဆယ်သက်စာ စားမကုန် အောင် ခိုးခဲ့ကြတယ်။ မတောင်းပန်ဘူး။ ရာစုနှစ်ဝက်ကျော် သက်တမ်းရှိတဲ့ ပြည်တွင်းစစ်ကို ဖန် တီးတယ်။ ပြည်တွင်းစစ်နဲ့ လုပ်စားတယ်။ မတောင်းပန်ဘူး။ မဲမဲမြင်ရာ စွတ်ပ-စ်တယ်။ မသေမရှင် အလော-င်းတွေကိုပါ မီးသဂြိုဟ်စက်ထဲ ထိုးထည့်တယ်။ မတောင်းပန်ဘူး။ အာဏာပြန်ရရင်ပြီးရော ဘာသာရေးလူမျိုးရေးမကျန် ခုတုံးလုပ်ပြီး တိုင်းပြည်မပျက် ပျက်အောင် ဖျက်တယ်။ မတောင်းပန်ဘူး။ လူထုဆန္ဒတစ်ပြားသားမှ မပါဘဲ လွှတ်တော်ထဲကို မျက် နှာပြောင်တိုက်ပြီး ဝင်ထိုင်တယ်။ မတောင်းပန်ဘူး။ ပြည်သူလူထုကို ယီ/းထင်တယ်ဆိုတဲ့ အပေါက်နဲ့ လုပ်ချင် ရာလုပ်တယ်။ မတောင်းပန်ဘူး.........။ အဲ... တယောက်သောသူကတော့ iPad အခက်အခဲကြောင့် ပါဠိဆင့်လေးတစ်ကြောင်း ရိုက်မရတာကို အတိအ လင်း ဝန်ခံတောင်းပန်ခဲ့သတဲ့။ တခုခုအဆင်မပြေတာရှိသွာရင်လည်း ပြည်သူကို သူမက အမြဲတောင်းပန်ခဲ့တာ။ Credit #Sayarsan

July 10, 2025 1.5K 3