အခု ပြည်သူ့တော်လှန်ရေးခရီးက အချိန်ငါးနှစ်ရှိလာတဲ့အခါမှာ ဒီ “တရားဝင်မှု” သပ်သပ်နဲ့ တော်လှန်ရေးကို ဦးဆောင်ဖို့ မလုံလောက်တော့ပါဘူး။ အခုက မြေပြင်မှာ တကယ်အုပ်ချုပ်ရပါပြီ၊ တကယ်စ-စ်တိုက်ရပါပြီ၊ တကယ် ဘဏ္ဍာရေးကိစ္စတွေ စီမံခန့်ခွဲရပါပြီ၊ တကယ် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို လုပ်နေရပါပြီ။ ဒီတော့ ဦးဆောင်မှု စွမ်းရည်၊ စွမ်းဆောင်နိုင်မှု၊ အဖွဲ့အစည်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း မူဘောင်များ ခိုင်မာမှု အစရှိတာများက အထူးအရေးကြီး လိုအပ်လာပါတယ်။ ဒီအတွက် စွမ်းဆောင်ရည် ထက်မြက်ပြည့်ဝဖို့အတွက် လိုအပ်သလို ပြင်ဆင်ပြောင်းလဲရဖို့ပဲ ဖြစ်ပါတယ်။ ငါးနှစ်ဆိုတဲ့ အချိန်ကာလရဲ့ ရွေ့လျားမှု၊ တော်လှန်ရေးရဲ့ ဖြစ်ထွန်းတိုးတက်မှုများနဲ့အညီ NUG ဟာ လိုက်လျောညီထွေ ပြောင်းလဲဖို့ပဲ ဖြစ်ပါတယ်။ ဒီမှာ မေးစရာတခု ရှိလာပါတယ်။ ဒီတော်လှန်ရေး အောင်ဖို့က NUG တစုတဖွဲ့တည်းရဲ့ တာဝန်လား၊ NUG တဖွဲ့တည်း ကောင်းနေရုံနဲ့ ဒီတော်လှန်ရေး ပြီးပါ့မလားဆိုတဲ့ မေးခွန်းပါ။ ဟုတ်ပါတယ်၊ ဒီတော််လှန်ရေး အောင်ဖို့က NUG တဖွဲ့တည်းရဲ့ တာဝန် မဟုတ်ပါဘူး။ NUG တဖွဲ့တည်းရဲ့ အစွမ်းသပ်သပ်နဲ့လည်း ဒီတော်လှန်ရေး ပြီးမှာ မဟုတ်ပါဘူး။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ (EROs)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစရှိတဲ့ အဖွဲ့အစည်းကြီးများမှာလည်း ဒီတော်လှန်ရေး အောင်မြင်ဖို့အတွက် တာဝန် ရှိပါတယ်။ ဒီအဖွဲ့တွေ ကိုယ့်တာဝန် ကိုယ်ကျေပွန်ဖို့ လိုအပ်ပါတယ်။ ဒီအဖွဲ့အစည်းတွေနဲ့ပတ်သတ်လို့လည်း နောင်မှာ အလျဉ်းသင့်သလို ပြည်သူမှတဆင့် ဝေဖန်ရေး ပေးကာ အကြံပြုချက်များ တင်ပြပါဦးမယ်။ ဒါပေမယ့်၊ ကျနော်တို့လူထုအနေနဲ့ အခုချိန်ထိ လက်ခံယုံကြည်ထားတာက NUG သည် တော်လှန်ရေးအစိုးရ ဖြစ်တယ်၊ ပြည်ထောင်စု အစိုးရဖြစ်တယ်။ ဒီတော်လှန်ရေးအောင်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေကို စုစည်းနိုင်ဖို့ အခွင့်အလမ်းနဲ့ အလားအလာကလည်း NUG မှာသာ ရှိတယ်။ ဒါ့ကြောင့် ဒီတော်လှန်ရေး အောင်ဖို့အတွက် တာဝန်အရှိဆုံးအဖွဲ့နဲ့ ခေါင်းခံရမယ့်အဖွဲ့က NUG သာ ဖြစ်တယ်။ ခေါင်းမခံချင်ဘူးဆိုရင်တော့ အစကတည်းက “ပြည်ထောင်စုအစိုးရ” မလုပ်တာ ကောင်းပါလိမ့်မယ်။ အာဏာသိမ်း စစ်အုပ်စုဟာ သူတို့မှာ နိုင်ငံရေးအရ အားနည်းနေတဲ့ “တရားဝင်မှု” (Legitimacy) ကို လာမယ့် အတုအယောင် ဟန်ပြ လုပ်ပွဲ ရွေးကောက်ပွဲကနေတဆင့် အားဖြည့်ဖို့ လုပ်နေပါပြီ။ အလားတူ စစ်ရေးအရ တိုက်စွမ်းအား “အရေအတွက်” လူအင်အား အားနည်းမှုကို လူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းပြီး ဖြည့်ဆည်းနေပါတယ်။ တိုက်စွမ်းရည် “အရည်အသွေး” ကိုတော့ တရုပ်၊ ရုရှားအစတဲ့ရှိတဲ့ နိုင်ငံအစိုးရတွေရဲ့ ကူညီမှုနဲ့အတူ Drone အပါအဝင် နည်းပညာအစွမ်းနဲ့ ဖြည့်ဆည်းနေပါပြီ။ ဒီတော်လှန်ရေးကို မှန်ကန်၊ အားကောင်းတဲ့ ခေါင်းဆောင်မှုပြုနိုင်ဖို့အတွက် တပ်ဦးဖြစ်တဲ့ NUG အစိုးရအနေနဲ့ အချိန်မနှောင်းမီ မဖြစ်မနေ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်နေပြီဆိုတာကို အခုပြည်သူ့တော်လှန်ရေးကြီးက တောင်းဆိုနေပြီဖြစ်ပါတယ်။ ——- ဆိုရေးရှိစ ဆိုအပ်လှစွာ ဆိုစများလျား ထားပချေမိ ငါ့ဝန်ရှိခဲ့။ (စာဆို အရှင်မဟာရဋ္ဌသာရ၏ ဘူရိဒတ်လင်္ကာကြီးမှ ကောက်နှုတ်ချက်) ——- “အမျိုးသားညီညွတ်ရေးအစိုးရ . . . ဒို့အစိုးရ ဒို့အစိုးရ” အာဏာရှင်စနစ်ဟူသမျှ မုချ ကျဆုံးရမည်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မုချ တည်ဆောက်နိုင်ရမည်။ အရေးတော်ပုံ အောင်ရမည်။ ❏ ရေးသားသူ - ကိုတေဇာ (အရေးတော်ပုံ တပ်သားတဦး) ၇ ရက် ဇူလိုင် ၂၀၂၅ (ဤစာစုကို ဆဲဗင်းဂျူလိုင် အရေးတော်ပုံ ၆၃ နှစ်ပြည့်နေ့၌ ပြည်သူလူထုသို့ အလေးအနက် တင်ပြသည်) https://www.facebook.com/share/p/1ABuPWvRwP/ #Sayarsan
FacebookLog in or sign up to viewSee posts, photos and more on Facebook.အခု ပြည်သူ့တော်လှန်ရေးခရီးက အချိန်ငါးနှစ်ရှိလာတဲ့အခါမှာ ဒီ… — ဆရာစံ — TG.ME
July 7, 2025 675 2