သက်မွန်မြင့်သို့... ​"သက်မွန်မြင့်" တဲ့... ချစ်ရသူလေးရယ်၊… — ကဗျာ/မီးအိမ်(ဝတ္တု) — TG.ME

သက်မွန်မြင့်သို့...
​"သက်မွန်မြင့်" တဲ့... ချစ်ရသူလေးရယ်၊
မင်းရဲ့အပြုံးတွေက ညအမှောင်ကို လင်းစေတယ်။
ကျွန်တော် ဘယ်လောက်ပဲ ဆိုးသွမ်းပြီး ဂျီကျပါစေ၊
မင်းရဲ့ မေတ္တာတရားက အမြဲတမ်း နွေးထွေးစေတယ်။
​အလိုလိုက်လွန်းတဲ့ မင်းရဲ့ အချစ်တွေကြား၊
ကျွန်တော်ကတော့ ကလေးတစ်ယောက်လို ပျော်ပါး။
စိတ်ကောက် စိတ်ကောက်၊ ဆိုးသမျှကို သည်းခံလို့၊
ရင်ခွင်ကျယ်ကြီးနဲ့ အမြဲတမ်း ကြိုဆိုခဲ့သူမို့။
​ဒီကမ္ဘာမှာ မင်းထက်ချစ်ရသူ မရှိနိုင်တော့ဘူး၊
မင်းရဲ့ အနားနားမှာပဲ အမြဲတမ်း ပျော်မွေ့ချင်သူ။
ဆိုးသမျှကို သည်းခံပြီး အမြဲတမ်း ချစ်ပေးလို့၊
ကျေးဇူးတင်ပါတယ် "သက်မွန်မြင့်" လေးရယ်...
ကိုယ့်ရဲ့ အသည်းနှလုံးထဲက မင်းသမီးလေးမို့
ရင်ထဲကသရဖီပေးပြီးသားပါ။
#မီးအိမ်
❤6
June 12, 2026 672 2