🧟♂️🔥 တရုတ် BL လောကထဲကို ဇွန်ဘီကပ်ဘေး ရောက်ရှိလို့ လာခဲ့ပါပြီ! ပုံမှန်ကြည့်နေကျ BL စတိုင်တွေထက် ပိုမိုဆန်းသစ်ပြီး ရင်ခုန်စရာကောင်းမယ့် "THE LAST OATH" ဆိုတဲ့ Zombie Apocalypse BL ဇာတ်လမ်းတွဲအသစ်လေး လာတော့မှာပါ! ⚡️ ဇာတ်လမ်းအကျဉ်း 📖 ကမ္ဘာပျက်ကိန်းဆိုက်ပြီး နေရာတိုင်းမှာ ဇွန်ဘီတွေ စိုးမိုးထားတဲ့ ခေတ်ပျက်ကြီးထဲမှာ… သူ့ကို သတ်ဖို့ လိုက်နေတဲ့ ကြေးစားလူသတ်သမား 'အာလီ' ကို ရန်သူမှန်းသိရက်နဲ့ ကယ်တင်ခဲ့မိတဲ့ 'လင်းဇိုင်'… အမဲလိုက်သူနဲ့ သားကောင်၊ ရန်သူတွေအဖြစ် ဆုံတွေ့ခဲ့ကြပေမဲ့ ကမ္ဘာပျက်ကြီးထဲကနေ အတူတူ လွတ်မြောက်ဖို့ ရုန်းကန်ရင်းကြားက စတင်လာမယ့် တားမြစ်ထားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်! 🩸💔 "သူတို့ ဇွန်ဘီတွေကြားကနေ လွတ်မြောက်နိုင်ပါ့မလား…?" "သူတို့ရဲ့ အချစ်ကော ဒီကမ္ဘာပျက်ကြီးထဲမှာ ရှင်သန်ကျန်ရစ်နိုင်ပါ့မလား…?" BL + Action + Survival + Zombie Apocalypse ဆိုတဲ့ ပေါင်းစပ်မှုဆန်းဆန်းလေးနဲ့မို့ မဖြစ်မနေ စောင့်ကြည့်ရမယ့် Series တစ်ခုပါပဲ! 😉 Main Lead တွေအဖြစ် Chen Minghao နဲ့ Chen Liang တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ "ဇွန်ဘီတွေ ဖျက်ဆီးထားတဲ့ ကမ္ဘာကြီးမှာ... ရောဂါကူးစက်မခံရတဲ့ လူငယ်လေးတစ်ယောက်နဲ့ သူ့ကိုဖမ်းဖို့လာတဲ့ အထူးအေးဂျင့်တို့ကြားက ထင်မှတ်မထားတဲ့ အချစ်ဇာတ်လမ်း..." ဆိုးရွားပြင်းထန်တဲ့ ဇွန်ဘီဗိုင်းရပ်စ် (Zombie Virus) ကူးစက်ခံနေရတဲ့ ကမ္ဘာကြီးမှာ... လူသားတွေဟာ ကာကွယ်ဆေးထုတ်လုပ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ အကျင့်ပျက် ဆေးဝါးကုမ္ပဏီကြီး နှစ်ခုကြားက အာဏာလွန်ဆွဲပွဲမှာ ကြားညပ်နေခဲ့ပါတယ်။ ဒီလိုအခြေအနေဆိုးကြီးထဲမှာ တက္ကသိုလ်ကျောင်းသားလေး လင်းကျိုက် (Lin Zai) ဟာ သူ့ရဲ့ မိဘနှစ်ပါးရော၊ အစ်ကိုဖြစ်သူကိုပါ ဆုံးရှုံးလိုက်ရပြီး ဘဝမှာ အဆိုးရွားဆုံး ရိုက်ခတ်မှုနဲ့ ကြုံတွေ့လိုက်ရပါတယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ လင်းကျိုက်ဟာ ဇွန်ဘီအကိုက်ခံရပေမဲ့ ရောဂါကူးစက်နိုင်ခြင်းမရှိတဲ့ ကိုယ်ခံအား (Immune) ရှိနေမှန်း သိလိုက်ရတဲ့အခါ... သူ့ရဲ့ခန္ဓာကိုယ်ဟာ အာဏာရှင်တွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အဖိုးတန်ပစ္စည်းတစ်ခု ဖြစ်လာပါတော့တယ်။ တစ်နေ့မှာတော့ လင်းကျိုက်ဟာ သူ့ကို လိုက်လံဖမ်းဆီးဖို့ တာဝန်ပေးခံထားရတဲ့ အထူးအေးဂျင့် အားလီ (A Lie) ကို အသက်အန္တရာယ်ကနေ ကယ်တင်လိုက်ပါတယ်။ အဲဒီအချိန်ကစပြီး သူတို့နှစ်ယောက်ကြားမှာ မမျှော်လင့်ထားတဲ့ သံယောဇဉ်တစ်ခု စတင်လာပြီး၊ မကြာခင်မှာပဲ သူတို့ ထင်မှတ်မထားလောက်အောင် နက်ရှိုင်းတဲ့ ဆက်ဆံရေးတစ်ခုအဖြစ်ကို ပြောင်းလဲသွားခဲ့ပါတယ်။ ရက်စက်ကြမ်းကြုတ်မှုတွေ ပြည့်နှက်နေတဲ့ လောကကြီးထဲမှာ လင်းကျိုက်နဲ့ အားလီတို့ နှစ်ယောက်ဟာ သူတို့ရဲ့ အချစ်ကို အဆုံးစွန်ထိ စမ်းသပ်မယ့် ခက်ခဲတဲ့ ရွေးချယ်မှုတွေကို ဘယ်လို တည်ငြိမ်စွာ ရင်ဆိုင်ကျော်ဖြတ်ကြမလဲ ဆိုတာကို... အက်ရှင်၊ သည်းထိတ်ရင်ဖို ဇာတ်ကွက်တွေနဲ့ ဇွန်ဘီနောက်ခံ ဇာတ်လမ်းကောင်းလေး "The Last Oath" ကို BLSFLIX Channel မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီရှင်။ ဒီနေ့ စက်တင်ဘာ ၄ ရက်တွင်စတင်ကြည့်ရှုလို့ရတော့မှာဖြစ်ပါတယ်။
တရုတ် BL လောကထဲကို ဇွန်ဘီကပ်ဘေး ရောက်ရှိလို့ လာခဲ့ပါပြီ!… — The Last Oath (2026) (စ/ဆုံး) — TG.ME
September 4, 2026 1.2K 4