သင်္ဘောပေါ်မှာ ပိတ်ဖြူပတ်လူသားစားသရဲမကြီးနဲ့ ပိတ်မိနေသောအခါ 😳😳 ➪➪➪➪➪➪➪➪➪➪➪➪➪➪ ဖိလစ်ပိုင် ရုပ်ရှင်လောက၊ အထူးသဖြင့် ဖိလစ်ပိုင်ဟော်ရာရုပ်ရှင်တွေမှာ အတွေ့ရခဲတဲ့ Anthology ဇာတ်ကားတစ်ကားဖြစ်ပြီး နာမည်ကျော်လူငယ် ဒါရိုက်တာသုံးယောက်က မတူညီတဲ့ ဇာတ်လမ်းငယ်သုံးပုဒ်ကို ကိုယ့်ပုံစံနဲ့ကိုယ် လက်စွမ်းပြထားတာကိုတွေ့ရပါလိမ့်မယ်။ Pocong ဆိုတဲ့အပိုင်းကို Yam Laranas ကရိုက်ကူးထားပြီး ဖိလစ်ပိုင်ရုပ်ရှင်လောကမှာတင်မကပဲ ဟောလိဝုဒ်အထိပေါက်ရောက်တဲ့သူတစ်ယောက်ပါ။ ဒီအပိုင်းမှာတော့ သင်္ဘောသားတွေရဲ့ဘ၀အမောနောက်ခံကို အင်ဒိုနီးရှားနဲ့ မလေးရှားဇာတ်ကားတွေမှာတွေ့ မြင်နေကြဖြစ်တဲ့ Pocong ဆိုတဲ့ ပိတ်ဖြူပတ်သရဲက ဖိစီးနှိပ်စက်ပုံကိုရှုစားကြရမှာပါ။ ဒုတိယ အပိုင်းဖြစ်တဲ့ Berbalang ကိုတော့ Arthouse Horror တွေ နဲ့ World-building အပိုင်းမှာ ဆရာတစ်ဆူဖြစ်တဲ့Dodo Dayao ကရိုက်ကူးထားပြီး ဒီဇာတ်ကားမှာအကောင်းဆုံးအပိုင်းဖြစ်သလို လူကြိုက်အများဆုံးအပိုင်းလည်းဖြစ်ပါတယ်။ ဘာဘာလန်း ဆိုတာ ဖိလစ်ပိုင်ဒေသခံရိုးရာ ရာဇဝင်တွေထဲက လူသားစား မိစ္ဆာတစ်ကောင်ဖြစ်ပြီး သူ့အကြောင်းကို အခြေခံထားတာပါ။
သင်္ဘောပေါ်မှာ ပိတ်ဖြူပတ်လူသားစားသရဲမကြီးနဲ့ ပိတ်မိနေသောအခါ 😳😳… — Action Drama — TG.ME
August 31, 2026 1.5K 3