စိမ်းစိုလန်းဆန်းနေတဲ့ ပန်းရောင်ခြယ်သစ်ပင်တွေနဲ့ သာယာလှပလွန်းတဲ့ ရာသီဥတုအောက်မှာ အေးချမ်းစွာတည်ရှိနေတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ ငြိမ်းချမ်းလှပလွန်းသော ကမ္ဘာငယ်လေးတစ်ခု..။
ဖြူစင်နွေးထွေးလှတဲ့အပြုံးတွေနဲ့ ကြင်နာတဲ့ဂရုစိုက်မှုတွေရဲ့ နောက်ကွယ်မှာတော့ နှစ်ရှည်လများ တင်းကြပ်စွာ မျိုသိပ်ဖုံးကွယ်ထားရတဲ့ ဖခင်ဖြစ်သူရဲ့ လူမဆန်တဲ့ ရက်စက်လွန်းလှတဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေကြောင့်ရလာတဲ့ နာကျင်ကြေကွဲဖွယ်ရာ ဒဏ်ရာဒဏ်ချက်များနဲ့ သွေးပျက်ဖွယ်ရာ လျှို့ဝှက်ချက်များ..။
"မင်းက ဘာလို့ အမြဲတမ်း ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေနိုင်ရတာလဲ...မင်း အကုန်သိနေရက်နဲ့....မင်း ငါ့ကို ကူညီပေးဖို့ ငါ ဘယ်လောက်တောင် မျှော်လင့်နေခဲ့လဲဆိုတာ သိရဲ့သားနဲ့...."
အမှောင်ထုသန်းနေတဲ့ မှိုင်းညို့ညို့ လိမ္မော်ရောင်နေမင်းကြီး တဖြည်းဖြည်း ကွယ်ပျောက်တော့မဲ့ ညနေခင်းနေဝင်ဆည်းဆာချိန်..။ ရုတ်တရက် ထွက်ပေါ်လာတဲ့ သေနတ်သံတစ်ချက်နဲ့အတူ အမှောင်ထုထဲမှာ မြှုပ်နှံထားတဲ့ နာကျင်ဖွယ်ရာ အမှန်တရားတွေ ပေါက်ကွဲထွက်သွားပြီး အရာရာဟာ အနိဋ္ဌာရုံနဲ့ အဆုံးသတ်သွားတဲ့အခါမှာတော့..။
(အလှလေးရဲ့ နောက်ကြောင်းပြန် ဇတ်လမ်းလေးပါ) Plot Twistတွေနဲ့ အလှလေးကိုအုပ်ချင်နေတဲ့ Gongတစ်ယောက် ထပ်ပေါ်လာပါပြီ🌚
72
4
3August 30, 2026 16.6K 24 21