🎓 သင်ဟာ ဒီအချက်တွေနဲ့ ပြည့်စုံသူတစ်ယောက်လား? Academic Writing နဲ့ စာတမ်းပြုစုတာကို ဝါသနာပါသလား? Microsoft Word, Telegram, YouTube နဲ့ Facebook ကို ကျွမ်းကျင်စွာ သုံးနိုင်သလား? AI Tools တွေကို အသုံးချပြီး အလုပ်ကို ပိုမိုမြန်ဆန်အောင် လုပ်ချင်သလား? Deadline နဲ့ အချိန်တိကျမှုကို အထူးလေးစားသူ ဖြစ်သလား? အကယ်၍ "ဟုတ်ကဲ့" လို့ ဖြေဆိုနိုင်ရင်တော့ ကျွန်မတို့ရဲ့ Academic Assistant ရာထူးက သင့်အတွက်ပါပဲ။ ✨ ရရှိနိုင်မည့် အခွင့်အရေးများ ကျွန်မတို့ရဲ့ Online Classes တွေနဲ့ AI သင်တန်းတွေကို အခမဲ့ တက်ရောက်လေ့လာခွင့်။ AI နည်းပညာနဲ့ Academic ပိုင်းဆိုင်ရာ လက်တွေ့ဗဟုသုတများ။ Skill ရှိရင်ရှိသလောက် ထိုက်တန်သော Fees (လုပ်ခလစာ)။ လုပ်ဆောင်နိုင်စွမ်းအပေါ် မူတည်ပြီး နောက်ပိုင်းတွင် Academic Executive အဖြစ် ရာထူးတိုးမြှင့် လုပ်ကိုင်ခွင့်။ 📌 စည်းကမ်းချက်နှင့် သတ်မှတ်ချက်များ အနည်းဆုံး (၆) လ အလုပ်လုပ်နိုင်ရမည်။ ငွေကြေးထက် ပညာသင်ယူလိုစိတ် (Growth Mindset) ကို ဦးစားပေးရမည်။ စာတမ်းများကို Formatting နှင့် Citation စနစ်တကျ ပြုလုပ်ပေးနိုင်ရမည်။ စိတ်ရင်းမှန်ဖြင့် ကူညီပေးလိုသော Service Mindset ရှိရမည်။ 📝 လျှောက်ထားရန် စိတ်ဝင်စားသူများအနေဖြင့် မိမိတို့၏ CV (PDF Format သာ) ကို အောက်ပါ Telegram link မှတစ်ဆင့် ပေးပို့လျှောက်ထားနိုင်ပါသည်။ 🔗 Telegram: https://t.me/mmacademic ⚠️ လျှောက်လွှာများကို စစ်ဆေးပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသူများကိုသာ Interview နှင့် Skill Test ပြုလုပ်ရန် ဆက်သွယ်သွားမည် ဖြစ်ပါသည်။
TelegramAcademic SupportEmergencyAcademic Support: post #334 — TG.ME
February 22, 2026 628